နင် ပျော်ပါစေ ဆုတောင်းပေးမယ်
ငါ့ရဲ့ညတွေ ခြောက်ကပ်လဲ
တကယ်ဆို ငါဟာ ဒီအလွမ်းနဲ့ အသားမကျသေးပေမယ့်
နင်လိုမယ်ဆို ချခင်းထားတယ်
ငါ့ရဲ့ဘဝ လှေခါးထစ်ပါပဲ
နင်ယုံကြည်စွာ ဖြတ်နင်းလိုက် ငါ့ဘက်မငဲ့ပါနဲ့
အချစ်ဟာ ငါ့အတွက် ဓားပေါ်က
ပျားရည်တစ်စက်လိုဖြစ်နေမလား
ငါမသိ
မင်း အဆင်ပြေပါ့မလား စိုးရိမ်တယ်
မင်း ဒီအချိန် တစ်ယောက်တည်းရှိနေချိန်
မင်း ချောင်မှာ တစ်ယောက်တည်းကြိတ်ငိုနေဦးမလား
မင်း လိုနေချိန်တိုင်း ရှိချင်တယ်
မင်း မလိုရင် ချန်ထားခဲ့နိုင်တယ်
မင်း အဆင်မပြေမှာပဲ စိတ်ပူနေမိတယ်
အို အချစ်ဟာ ငါ့အတွက် ဓားပေါ်က
ပျားရည်တစ်စက်လိုဖြစ်နေမလည်း
ငါမမှုတယ်
နင် ပျော်ပါစေ ဆုတောင်းပေးမယ်
ငါ့ရဲ့ ဘဝ လှေခါးထစ်ပါပဲ
နင်ယုံကြည်စွာ ဖြတ်နင်းလိုက် ငါ့ဘက်မငဲ့ပါနဲ့
အချစ်ဟာ ငါ့အတွက် ဓားပေါ်က
ပျားရည်တစ်စက်လိုဖြစ်နေမလား
ငါမသိ
မင်း အဆင်ပြေပါ့မလား စိုးရိမ်တယ်
မင်း ဒီအချိန် တစ်ယောက်တည်းရှိနေချိန်
မင်း ချောင်မှာ တစ်ယောက်တည်းကြိတ်ငိုနေဦးမလား一
မင်း လိုနေချိန်တိုင်း ရှိချင်တယ်
မင်း မလိုရင် ချန်ထားခဲ့နိုင်တယ်
မင်း အဆင်မပြေမှာပဲ စိတ်ပူနေမိတယ်
အို အချစ်ဟာ ငါ့အတွက် ဓားပေါ်က
ပျားရည်တစ်စက်လိုဖြစ်နေမလည်း
ငါမမှုတယ်
အို အချစ်ဟာ ငါ့အတွက် ဓားပေါ်က
ပျားရည်တစ်စက်လိုဖြစ်နေမလည်း
ငါမမှုတယ်