နီးလျက်နဲ့ဝေး မဆုံနိုင်လို့ဆွေး
တကယ်ဆို ချစ်ခဲ့ပြီးမှလမ်းခွဲဖို့ကို လုံးဝမတွေးကြေး
အချစ်စစ်ရဲ့ လမ်းကလေးရယ် မဖြောင့်တန်းဘူး
ရှေးစကားလေးရှိခဲ့တာပဲ
နဖူးပေါ်လက်တင်စဉ်းစားလိုက်ရင်
ငါလေရင်မောတယ်
နူးညံတဲ့မင်းနဲ့ဝေးရင် ငါလေသေလိမ့်မယ်
ဘာကြောင့် တို့နှစ်ယောက်ကို
ဘာလို့ခွဲကြတယ် ငါသိလည်း
ငါမပြောရက်ဘူး
မင်းလေးလည်းဝမ်းနည်းလိမ့်မယ်
ငါလေသိနားလည်
မိဘနဲ့ငါရဲ့ကြားမှာ နင်လေစိတ်အားငယ်
တစ်နေ့တော့ မိဘတွေ နားလည်လာလိမ့်မယ်
ငါ့အတွေးနဲ့ နင်ထပ်တူပဲ
နှလုံးသားလေးက ထိခိုက်ရုံနဲ့ ပွန်းပဲ့လွယ်တယ်
ဘယ်လိုအကြောင်းမျိုးနဲ့မှ အဆုံးရှုံးမခံဘူး
ရင်ခုန်လွန်းရသူမို့ ငါလေရူးသွပ်နေလို့
နောက်ဆုံးထွက်သက်ထိ ချစ်လို့နေပါရစေ
နီးလျက်နဲ့ဝေး မဆုံနိုင်လို့ဆွေး
တကယ်ဆို ချစ်ခဲ့ပြီးမှလမ်းခွဲဖို့ကို လုံးဝမတွေးကြေး
အချစ်စစ်ရဲ့ လမ်းကလေးရယ် မဖြောင့်တန်းဘူး
ရှေးစကားလေးရှိခဲ့တာပဲ
ယုံကြည်ထား ယုံကြည်လိုက်
နာကျင်ရက်ရက်စက်စက်စကားကြမ်းလေးတွေ လုံးဝမပြောနဲ့
အချစ်စစ်ရဲ့လမ်းကလေးမှာ ဆူးငြောင့်ခလုတ်တို့ရှိလည်းပဲ
နောက်မဆုတ်နိုင်ဘူး