网络歌手 - 缅甸歌曲 kaung myat 我想爱你 flv
မင်းရဲ့ဆံနွယ်တွေ လေမှာလွင့်နေတယ်
ညင်သာစွာနမ်းရှိုက်ခွင့် ရချင်လည်း
တကယ်ဆိုရင် ၀ေး၀ေးက လှမ်းကြည့်ပြီး
ရင်ထဲနူးညံ့အနမ်း လွမ်းနေရုံလေးပဲ
အို အိပ်မက်သာဆို ပြန်ငြိမ်နေလိုက်ပါမယ်
ကြာလာရင်နာကျင်မယ် ငါသိတယ်
ဒါဆိုရင်မခင်တွယ်အောင်လုံလောက်မယ့်အကြောင်းအရင်
မင်းဆီမှာရှာတောင်မေတွ့ခဲ့ဘူးကွယ်......
ကိုယ်ဘယ်လိုဆက်လုပ်ရမယ်မသိအောင်
မင်းစိတ်နဲ့တွေ၀ေပြီး ရှုပ်ထွေးရင်း
ရင်ခုန်သံမကျယ်ခင် ငါမေ့လိုက်ချင်လည်း
နင်မမြင်လိုက်ရတဲ့ကြိုးချည်သွားပြီ
မင်းအနားရောက်ချင်ပြီ ချစ်ခွင့်ရချင်ပြီ
ငါဟာတစ်ယောက်တည်းထိန်းချုပ်ထားလို့မရနိုင်ပြီ
ချစ်ခွင့်ရချင်ပြီ မင်းနဲ့နီးချင်ပြီ
ကြာကြာတစ်ယောက်တည်းသိမ်းဆည်းထားရင်
တကယ်ရူးသွားနိုင်ပြီ........
အိပ်မက်သာဆိုငါ ငြိမ်နေလိုက်ပါမယ်
ကြာလာရင်ရုန်းထွက်ဖို့ သိပ်ခက်မယ်
ဒါဆိုရင်မခင်တွယ်အောင်လုံလောက်မယ့်အကြောင်းအရင်
မင်းဆီမှာ မမြင်နိုင်ကိုယ်သိပ်ချစ်တယ်
ကိုယ်ဘယ်လိုဆက်လုပ်ရမယ်မသိအောင်
မင်းစိတ်နဲ့တွေ၀ေပြီး ပူးလောင်ရင်း......
ရင်ခုန်သံမကျယ်ခင် ငါမေ့လိုက်ချင်လည်း
နင်မမြင်လိုက်ရတဲ့ကြိုးချည်သွား ငါစိတ်ကူးနဲ့ရူး
မင်းအနားရောက်ချင်ပြီ ချစ်ခွင့်ရချင်ပြီ
ငါဟာတစ်ယောက်တည်းထိန်းချုပ်ထားလို့မရနိုင်ပြီ
ချစ်ခွင့်ရချင်ပြီ မင်းနဲ့နီးချင်ပြီ ကြာကြာတစ်ယောက်တည်းသိမ်းဆည်းထားရင် တကယ်ရူးသွားနိုင်ပြီ....
အများကတားမြစ်ထားလည်း အဖြေကိုလိုချင်တယ်
ပျော်ရွှင်စရာကမင်းပဲဖြစ်တယ်....နော်.....
စဥ်းစားခြင်းများသုံးမရ ကောင်းဆုံးမင်းလေးပဲထင်
ယုံကြည်တာကို ကူညီပေးကွယ်...ချစ်လေး...
မင်းအနားရောက်ချင်ပြီ ချစ်ခွင့်ရချင်ပြီ
ငါဟာတစ်ယောက်တည်းအချိန်တွေကြာလေစိတ်ပူမိ
ချစ်ခွင့်ရချင်ပြီ မင်းနဲ့နီးချင်ပြီ
ကြာကြာတစ်ယောက်တည်းသိမ်းဆည်းထားရင်
တကယ်ရူးသွားနိုင်ပြီ....
မင်းအနားရောက်ချင်ပြီ ချစ်ခွင့်ရချင်ပြီ
ငါဟာတစ်ယောက်တည်းအချိန်တွေကြာလေစိတ်ပျက်မိ...
ချစ်ခွင့်ရချင်ပြီ မင်းနဲ့နီးချင်ပြီ
ကြာကြာတစ်ယောက်တည်းသိမ်းဆည်းထားရင်
တကယ်ရူးသွားနိုင်သည်.
လာ ........ လာ.........လာ.......
မင်းရဲ့ဆံနွယ်တွေ လေမှာလွင့်နေတယ်
မကြာခင်မှာ နမ်းရှိုက်ခွင့် ရသင့်တယ်
ငါဘယ်လိုရင်ခုန်သံ ညာလိုက်ရမှာလဲ
တို့ကြင်နာတဲ့အကြောင်း ပြောတော့မယ်...